top of page

ဆက်သွယ်ရန်

(၃၁) ပန်းဝါလမ်းသွယ်

(အင်းယားလမ်းမှဝင်ရန်)

ကမာရွတ်မြို့နယ်၊ ရန်ကုန်မြို့

 

booking.uthanthouse@gmail.com

(+၉၅) ၀၉- ၈၈၀ ၈၄၈ ၁၈၀

ပုံမှန်ဖွင့်ချိန်

စနေနေ့

၁၀:၀၀ မှ ၁၆:၀၀ နာရီ။

ပြတိုက်ဖွင့်ရက်များတွင် လာရောက်ရန်

ကြိုတင် booking တင်ရန် လိုအပ်ပါသည်။

ဤစာမျက်နှာတွင် ရှိသည့်ဖောင်ကို ဖြည့်ပြီး တင်နိုင်ပါသည်။

ပြတိုက်သည် နှစ်တစ်ရာကျော် သက်တမ်းရှိသည့် အိမ်တွင် တည်ရှိသောကြောင့် အခန်းများက ကျဥ်းပြီး သတ်မှတ်ထားသည့် လူအရေအတွက် အတိုင်းသာ ဝင်ရောက်နိုင်ပါသည်။

အများဆုံး လူ ၂၀ သာ လက်ခံနိုင်ပါသည်။ နားလည်ပေးသည့် အတွက် ကျေးဇူးတင်ရှိပါသည်။

 

သင်္ကြန်ပိတ်ရက်များ (ဧပြီလ) တွင် ပြတိုက်ပိတ်ပါသည်။

 

ပြတိုက်ဖွင့်ချိန် ပြင်ပတွင် လာရောက်လိုပါက

ကြိုတင်ရက်ချိန်းယူရန် လိုအပ်ပါသည်။

 

ပြတိုက်ရှိ ပြခန်းများကို ပြတိုက်မှူးများက လိုက်လံပြသမည် ဖြစ်ပြီး ပြခန်းများကို ကြည့်ရှုချိန် ၂၅ မိနစ်ခန့်နှင့် ပြတိုက်တွင်သာ ကြည့်ရှုနိုင်မည့် ဦးသန့်၏ ဘဝနှင့် လုပ်ဆောင်မှုများ အကြောင်း မှတ်တမ်းရုပ်ရှင်ကို ကြည့်ရှုချိန် ၂၅ မိနစ်ခန့် ကြာမြင့်နိုင်ပါသည်။

လာရောက်ရန် မှတ်တမ်းတင်ပါ

Thank you for booking a visit. We will email you for confirmation.

ပြတိုက်ဝင်ကြေး

ဦးသန့်ပြတိုက်သည် ပြခန်းနှင့် မြန်မာကျောင်းသားများ အတွက် ပညာရေး အစီအစဥ်ကို ထိန်းသိမ်းရန် အတွက် လာရောက်လည်ပတ်သူများနှင့် ကူညီထောက်ပံ့သူများက ထည့်ဝင်သည့် လှူဒါန်းငွေများ အပေါ်  မှီတည်ရပါသည်။ လာရောက်လည်ပတ်သူများက ထည့်ဝင်သော ပြတိုက်ဝင်ကြေးကို ဘဏ္ဍာရေး မပြည့်စုံသော မြန်မာပြည်သူများနှင့် အထူးသဖြင့် မြန်မာကျောင်းသားများ ပြတိုက်ကို လာရောက်ကြည့်ရှု၍ ဦးသန့်၏ ဘဝဖြတ်သန်းမှုကို အားကျအတုယူစေရန် အတွက် အသုံးပြုပါသည်။ ပြတိုက်နှင့် အစီအစဥ်များ အတွက် လှူဒါန်းထည့်ဝင်မှုများ ပြုလုပ်လိုပါက uthanthouse@gmail.com ကို ဆက်သွယ်နိုင်ပါသည်။

တစ်ဦးချင်း ကျသင့်ငွေ

နိုင်ငံခြားသား

၂၀,၀၀၀ ကျပ်

အသက် ၁၂ နှစ်အောက် ကလေး (အုပ်ထိန်းသူနှင့်)

၁၀,၀၀၀ ကျပ်

မြန်မာနိုင်ငံသား

စေတနာ ရှိသလို ပေးပါ။

ဝင်ကြေးကို ဈေးလျှော့ပေးနိုင်သည်။

ပြတိုက်ဖွင့်ချိန်ပြင်ပ

(ကြိုတင် အသိပေးရန် လိုအပ်ပါသည်။)

၂၀၀,၀၀၀ ကျပ်+

တစ်ဦးလျှင် ၂၀,၀၀၀ ကျပ် 

အဖွဲ့လိုက် လာရောက်လေ့လာခြင်း

လူ ၅ ဦးထက် ပို၍ လာရောက်လည်ပတ်လိုပါက လာရောက်လည်ပတ်လိုသူများ၏ အမည်၊ လူဦးရေ၊ အသက်၊ အသုံးပြုလိုသည့် ဘာသာစကား၊ လာရောက်လိုသည့်နေ့၊ လာရောက်လိုသည့် အချိန်နှင့် အခြား လိုအပ်ချက်များကို booking.uthanthouse@gmail.com သို့ အီးမေးပေးပို့၍ စုံစမ်းနိုင်ပါသည်။

မိမိတို့မှ တတ်စွမ်းသရွေ့ အဆင်ပြေအောင် ဆောင်ရွက်ပေးပါမည်။ သို့သော် မိမိတို့သည် လူအင်အား နည်းသည့် အလျှောက် အချို့သော နေ့ရက်များတွင် ဧည့်သည် လက်မခံနိုင်ခြင်းများ ဖြစ်ပေါ်နိုင်ပါသည်။  လာရောက်လိုသည့်နေ့ရက်ထက် တစ်ပတ် ကြိုတင်၍ စုံစမ်းရန် တိုက်တွန်းပါသည်။

ဦးသန့်ပြတိုက်တွင် ကျောင်းများ၊ တက္ကသိုလ်များ၊ ပညာရေး အဖွဲ့အစည်းများနှင့် အကျိုးအမြတ် 

မယူသည့် အဖွဲ့အစည်းများမှ အဖွဲ့လိုက် လာရောက်လည်ပတ်မှုကို ကြိုဆိုပါသည်။ ကျောင်းသားများ အတွက်လည်း သီးသန့် အစီအစဥ်များကို ရေးဆွဲ အကောင်အထည် ဖော်နေပါသည်။ အကယ်၍ ပညာသင်ကြားဆဲ အဖွဲ့များမှ လာရောက်လည်ပတ်လိုပါက ပညာရေးဆိုင်ရာ လုပ်ဆောင်ချက်များကို

ထည့်သွင်းစီစဥ်ပေးထားနိုင်ရန် စုံစမ်းသော အီးမေးတွင် တစ်ပါတည်း ထည့်သွင်းဖော်ပြစေလိုပါသည်။

bottom of page