ဦးသန့်ဂေဟာသည် ယနေ့ မြန်မာနိုင်ငံ ရင်ဆိုင်နေရသည့် စိန်ခေါ်မှုများနှင့် ဆက်စပ်နေသည့် သုတေသနများနှင့် ဆွေးနွေးပညာပေးရေးများ ပြုလုပ်ရာ ဖြစ်သည်။ ယခုအခါသည် တိုင်းပြည််၏ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေးနှင့် ပတ်ဝန်းကျင် ထိန်းသိမ်းရေးတို့ အတွက် အလွန်အရေးပါသော အချိန်ကာလ ဖြစ်သည့်အလျောက် ဦးသန့်ဂေဟာရှိ အစီအစဥ်များသည် မြန်မာပြည်သူတို့ ငြိမ်းချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးတို့အား ပြန်လည်စိတ်ကူးပုံဖော်လာနိုင်ရေး အတွက် အထောက်အကူ ဖြစ်စေရန် ရည်ရွယ်သည်။
တတိယမြောက် ကမ္ဘာ့ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ် ဖြစ်ခဲ့သည့် ဦးသန့်၏ ဘဝနှင့် ကြိုးပမ်းမှုများကို အခြေခံထားသည့် ဦးသန့်ဂေဟာ၏ အစီအစဉ်များသည် ဦးသန့်အတွက် အရေးပါခဲ့သည့် ငြိမ်းချမ်းရေး၊ လူသားတို့၏ ဂုဏ်သိက္ခာ၊ ရေရှည်တည်တံ့မည့် ဖွံ့ဖြိုးတိုးတက်မှုများ၊ ပညာရေး နှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးတို့အား ဗဟိုပြုထားသည်။
ဦးသန့်ဂေဟာ၏ အစီအစဥ်များမှာ
ပြတိုက်နှင့် ပညာရေး အစီအစဥ်များ - မြန်မာ့မျိုးဆက်သစ်များအား အတုယူ ကြိုးစားစေခြင်း
သုတေသနနှင့် ဆွေးနွေးပွဲ အစီအစဥ်များ - မြန်မာ့ရေးရာ ဟောပြောပွဲများ၊ ဆွေးနွေးပွဲများ ကျင်းပခြင်း
သုတေသနနှင့် လူထု အသိပညာပေးရေး အစီအစဥ်များ - ကမ္ဘာ့ရေးရာနှင့် မြန်မာ့ရေးရာများကို ဆက်စပ်စဥ်းစားသုံးသပ်ခြင်း
အမွေအနှစ် ထိန်းသိမ်းရေး အစီအစဥ်များ - ဦးသန့်၏ ဘဝနှင့် အနှစ်သာရများအား ဂုဏ်ပြုထိန်းသိမ်းခြင်း
တစ်ခုတည်းသော မိမိတို့၏ ကမ္ဘာ - ဦးသန့်ဂေဟာ၏ အစီအစဥ်များသည် ဦးသန့် တန်ဖိုးထားခဲ့သည့် အပြည်ပြည်ဆိုင်ရာ ပူးပေါင်းရေး၊ ငြိမ်းချမ်းရေးကို ဗဟိုပြုသည့် ပညာရေးစနစ်၊ ကွဲပြားခြားနားမှု အပေါ် သည်းခံတတ်ခြင်းနှင့် ခွဲခြားဆက်ဆံမှုအား ဆန့်ကျင်ခြင်း စသည်တို့ကို အခြေခံသည်။
ဖွံ့ဖြိုးမှုကို
ပြန်လည်ဖန်တီးပုံဖော်ခြင်း
ပြန်လည်ပုံဖော်ခြင်း
နိုင်ငံအရေး ဆွေးနွေးမှုများအား
အသွင်ပြောင်းပေးခြင်း
သုတေသနနှင့်
ဆွေးနွေးပွဲများ
ရာသီဥတု ပြောင်းလဲမှု
အသိပညာပေးခြင်း
ကျောင်းသားများ အတွက် ပညာရေးအစီအစဉ်
အားကျအတုယူစေခြင်း
ပြတိုက်
အမွေအနှစ်ထိန်းသိမ်းခြင်း
ဂုဏ်ပြုမှတ်တမ်းတင်ခြင်း
အမေ့ခံအတိတ်
မြန်မာ့သမိုင်းကို ရှုထောင့်သစ်မှ
ရှုမြင်ခြင်း
ပြင်ပထိတွေ့ဆက်ဆံရေး
BEYOND
CEASEFIRES
INITIATIVE
မြန်မာ့ငြိမ်းချမ်းရေး လုပ်ငန်းစဥ်
အတွက် အထောက်အကူပြုခြင်း